Tuesday, October 30, 2012

ပန်းလေးတစ်ပွင့်ဖန်ဆင်းပေးခဲ့သူ



သူ မဖန်ဆင်းခဲ့ရင်…
ဝန်းကျင်ဒဏ်ကြောင့် မ၀င့်ထည်သာဘဲ…
ဆင်းသက်မြေခ…ယိမ်းယိုင်ပြိုကျ
ညိုးခြောက်သေမှာလဲ…
ဒီပန်းပါ…..

သူ မခူးခဲ့ရင်…

မေတ္တာရေငတ်မွတ်မှုကြောင့် ရနံ့မထုံသာဘဲ…
ပင်ယံထက်က…၀ါရင့်ရော်ရ
ညှိုးခြောက်သေမှာလဲ…
ဒီပန်းပါ…..

သြော်…..
သူ ဖန်ဆင်းခဲ့လေတဲ့ပန်း…
မဆွတ်ခင်ကညွတ်ချင်ပြီ….
ဟိုသီချင်းလေးလိုပေါ့….
မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ…
…………………………………….
ယိမ်းကာနွဲ့နေပြီ ရွှေနှင်းဆီ….

No comments:

Post a Comment