Monday, December 10, 2012

***...... အထင်လွဲခြင်း ......***



လောကတွင် အထင်လွဲခံရမှုများကို မည်သူမျှ မခံစားချင်ကြပေ။ ဤတွင် မည်သူ့ အထင်လွဲခံရမှုသည် ခံစားရအခက်ဆုံး ဖြစ်မည်နည်း…..စင်စစ်တော့ ကိုယ်အချစ်ဆုံးသူ (သို့) ကိုယ်အလေးစားရဆုံးသူ က အထင်လွဲခံရမှုလောက် နေမထိထိုင်မသာ အဖြစ်မျိုးရှိမည်မထင်ပေ….

Sunday, December 2, 2012

*** ရိုးရိုးလေး ***



`ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ်အေးမြလို့´
`ရိုးရိုးလေးလှတာလေးကို ရင်ထဲမှာ တကယ်စွဲ´
`ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တောင်မမှီနိုင်ဘူးကွာ´
ခေတ်အဆက်ဆက် သီဆိုလာခဲ့ကြတဲ့ သီချင်းတွေမှာ ရိုးရိုးလေးတွေကို အမြတ်တနိုးတန်ဖိုးထားပြီး ရေးဖွဲ့သီဆိုလာတာတွေ့ရပါတယ်…ဆိုတဲ့သူရင်မှာရော၊ ကြားရတဲ့သူရင်မှာပါ အေးမြပါတယ်… ရိုးရိုးလေးဝတ်ထားတော့လဲ ဒီလိုပဲ ဆင်မြန်းသူရင်မှာရော၊ မြင်ရသူရင်မှာပါ အေးမြပါတယ်…
ခေတ်နဲ့အညီနေထိုင်သင့်တယ်..ဟုတ်ပါတယ်… ခေတ်မီတယ်ဆိုတာကောင်းပါတယ်..