Monday, December 10, 2012
Sunday, December 2, 2012
*** ရိုးရိုးလေး ***
`ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ်အေးမြလို့´
`ရိုးရိုးလေးလှတာလေးကို ရင်ထဲမှာ တကယ်စွဲ´
`ရိုးရိုးလေးမင်းမျက်နှာ
ကမ္ဘာကျော်တောင်မမှီနိုင်ဘူးကွာ´
ခေတ်အဆက်ဆက် သီဆိုလာခဲ့ကြတဲ့
သီချင်းတွေမှာ ရိုးရိုးလေးတွေကို အမြတ်တနိုးတန်ဖိုးထားပြီး ရေးဖွဲ့သီဆိုလာတာတွေ့ရပါတယ်…ဆိုတဲ့သူရင်မှာရော၊
ကြားရတဲ့သူရင်မှာပါ အေးမြပါတယ်… ရိုးရိုးလေးဝတ်ထားတော့လဲ ဒီလိုပဲ
ဆင်မြန်းသူရင်မှာရော၊ မြင်ရသူရင်မှာပါ အေးမြပါတယ်…
ခေတ်နဲ့အညီနေထိုင်သင့်တယ်..ဟုတ်ပါတယ်… ခေတ်မီတယ်ဆိုတာကောင်းပါတယ်..
Sunday, November 18, 2012
Text လေးကို Effect ထည့်ကြည့်မယ်
- Photoshop CS3> File > New ခေါ်ပါ။ page size ကိုလိုသလိုထားပါ။ output က printing အတွက်ဆိုရင် resolution 300 ထားပါ။
- Foreground color အဖြစ် အဖြူရောင်နှင့် Background color အဖြစ် အနက်ရောင်ကိုရွေးပါ။
- Background ကိုအနက်ရောင်ဖြစ်ဖို့ Edit > Fill > Use: Background color ကိုရွေးပါ။
- Type tool > Type mask tool ကိုရွေးပါ။ Font Size ကြီးကြီးနဲ့ လိုရာ text ကိုရိုက်ထည့်ပါ။ Layer ပေါ်တွင် ကလစ်တချက်နှိပ်ပါ။ ရေးထားသော text လေး select ဖြစ်သွားမည်။
- Text ကို foreground color ဖြည့်ဖို့ Alt+Backspace နှိပ်ပါ။
- Select > Modify > Feather မှာ 2 pixels ပေးပါ။
- Filter > Blur > Radial Blur ထားပါ။ Settings တွေကို (100, Zoom, Best) ထားပါ။
- Select > Inverse ကိုရွေးပါ။
- အဆင့် ၇ ကိုနောက်တစ်ကြိမ်ထပ်လုပ်ပါ (သို့) Ctrl+ F ကိုနှိပ်ပါ။
- Ctrl+ D နှိပ်ပြီး select ဖြုတ်လိုက်ပါ။
Font
size, style နှင့် Foreground, Background color များကို မိမိနှစ်သက်သလို ထားနိုင်ပါသည်။ Text အစား ၀တ္ထုပစ္စည်းများကိုလည်း effect ထည့်ကြည့်လို့ရပါသည်။
Saturday, November 17, 2012
@... ၀ဋ်ကြွေး ...@
အမ္ဗပါလီ
အမ္ဗပါလီ
အလွန်လှပခြင်း
လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာ အထက်က
ဖုဿမြတ်စွာဘုရား လက်ထက်တော်တွင် အမ္ဗပါလီလောင်းလျာသည် ဘုရားရှင်၏ နှမဖြစ်ခဲ့သည်။
ဘုရားရှင်၏ တရားတော်ကို နာယူပြီးနောက် ကြီးစွာသော အလှူဒါနကိုပြုလျက် အဆင်းလှစေရန်
ဆုတောင်းခဲ့သည်။
အမ္ဗပါလီ
ပြည်တန်ဆာဖြစ်ခြင်း
Tuesday, November 13, 2012
~~~..... ပဲ့တင်သံ .....~~~
လူတွေဟာ
အချို့ကလှပြီး အချို့က အရုပ်ဆိုးတယ်။ အချို့က ချမ်းသာပြီး အချို့မှာ ဆင်းရဲတယ်။ ဣဋ္ဌာရုံ
အနိဋ္ဌာရုံ ရှုပ်ထွေးစုံတဲ့ လောကဇာတ်ခုံ လူတို့ဘုံဟာ တစ်ပြေးညီတည်း ရှိမနေတာတော့
အမှန်ပဲ။ ဘာကြောင့်များ လှလှပပတွေချည်း ဖြစ်မနေရတာလဲ။ ဘာကြောင့်များ
ချမ်းချမ်းသာသာတွေချည်း ရှိမနေရတာတဲ့လဲ။
ကိုယ်ပြုသည့်ကံ
ပဲ့တင်သံ ကိုယ့်ထံပြန်လာသည်။ ကံ၊ ကံ၏အကျိုးတွေပါပဲ။
သူဌေးအိမ်က
အထိန်းတော်၏ သမီး…သူမကိုယ်တိုင်လည်း ကျွန်စာရင်းဝင် အထိန်းတော်….။ ဆင်းရဲရုံသာမက
ရုပ်မလှ ခါးကလည်း ကုန်းလိုက်ရသေး။ တစ်နေ့လုံးထိုင်ကြည့်သော်မှ ဘ၀င်အသည်း
ရင်ထဲငြိစရာ အလှရှာမရ၊ ခါးကုန်းလှသည့် အကျည်းတန်မ….။
Tuesday, November 6, 2012
Z... သူသာမြတ်နိုးရာ ...Z
ဦးနှောက်နဲ့လူပဲလေ…
သိနေပါတယ်….
အရာတိုင်းကိုတော့မဟုတ်ဘူးပေါ့…
ဒါပေမဲ့ တစ်ခါတစ်လေ…
မသိချင်ယောင်ဆောင်နေရတတ်တယ်…
ခံစားချက်ရှိတဲ့လူပဲလေ…
တုံ့ပြန်တတ်ပါတယ်…
Saturday, November 3, 2012
ယူလိုက်
C Am F C
V1: ငါ့ရဲ့စိတ်နဲ့ခန္ဓာ မင်းရဲ့ရှေ့မှောက်ခစား လက်ခံပေးပါ
C Am F C
ဒီမှာငါကျရှုံးပီ မင်းခြေအစုံမှာ လက်နက်ချ အရှုံးငါပေးရင်း
G F G F
V2: ဘ၀တခုလုံးနင်သိမ်းကာယူလိုက်ပါ ငါ့ရဲ့ဘ၀ဟာမင်းရဲ့ အလိုတော်အတိုင်း
C Am7 F C
CHO: ငါ့ရဲ့ချစ်ခြင်းတွေပြိုလဲ အရှုံးငါပေးနေပြီပဲ ကျေနပ်လို့သိမ်းပိုက်ပါ
C Am7 Bb F C
ဘာ့အတွက်ဆက်ပီးအနိုင်ယူမလဲ ငါ့လက်မှာ/ရင်ထဲချစ်ခြင်းများ နင်သိမ်းပိုက်လို့ယူပါ
V3: C Am F C
မြင်နိုင်နေပီပဲ ဒီဘ၀ကိုမင်းယူလိုက် ငါရှုံးတယ်/ နဲ့
C Am F C
ရှေ့ဆက်အသက်ရှင်ချိန်များ ငါကြည်ဖြူတယ်ယူပါ မငြင်းပါဘူး ယူလိုက်
V2: CHO:
ကျွန်တော့်ချစ်သူကို ဆိုပြနေကျ သီချင်းလေးပါ.... ဂစ်တာကတော့ မတောက်တခေါက်ပေါ့.. :)
Tuesday, October 30, 2012
ပန်းလေးတစ်ပွင့်ဖန်ဆင်းပေးခဲ့သူ
သူ မဖန်ဆင်းခဲ့ရင်…
ဝန်းကျင်ဒဏ်ကြောင့်
မ၀င့်ထည်သာဘဲ…
ဆင်းသက်မြေခ…ယိမ်းယိုင်ပြိုကျ
ညိုးခြောက်သေမှာလဲ…
ဒီပန်းပါ…..
သူ မခူးခဲ့ရင်…
Saturday, October 27, 2012
အကောင်းဆုံးခရီးဖော်
လူ့ဘ၀ဆိုတာ ရေပွက်ပမာ ခဏတာဆိုပေမယ့် ကြုံတွေ့ရတဲ့ ဒုက္ခတွေ သောကတွေများလွန်းပါတယ်။ “ဖျပ်ဖျပ်လူး ဆတ်ဆတ်ခါ လွန်ကဲစွာဝမ်းနည်း
ခံစားနေမည်” ဆိုသလို ကြီးမားတဲ့ သောကတွေလဲ ကြုံတွေ့လာနိုင်တယ်။ "တကယ်တမ်းလောကဓံကို ရင်ဆိုင်ကြုံတွေ့လာရသောအခါ တရားကို နှလုံးသွင်းနေနိုင်ဖို့မှာ ခဲယဉ်းလှသည်” ဟု
ဆရာတော်ကြီးတစ်ပါးဟောကြားခဲ့သည်။
ဆရာလေး မလေးငြိမ် ၏ “လွန်မြောက်ခြင်းမှ
လွတ်မြောက်ခြင်းသို့” စာအုပ်ကို ဖတ်ပြီးချိန်မှာ ကျွန်တော့ဘ၀မှာ သောကတွေ လျော့ပါးလာခဲ့ပြီ။ ဆရာလေး မလေးငြိမ်အား ဂါရ၀ပြုလျက်…………………
ဘ၀ခရီးကို လျှောက်လှမ်းရာတွင် သင့်အတွက်
အဖော်ကောင်းတစ်ယောက် မရှိမဖြစ် အစစ်အမှန် လိုအပ်နေသည်ဟု
Subscribe to:
Posts (Atom)