Monday, December 10, 2012

***...... အထင်လွဲခြင်း ......***



လောကတွင် အထင်လွဲခံရမှုများကို မည်သူမျှ မခံစားချင်ကြပေ။ ဤတွင် မည်သူ့ အထင်လွဲခံရမှုသည် ခံစားရအခက်ဆုံး ဖြစ်မည်နည်း…..စင်စစ်တော့ ကိုယ်အချစ်ဆုံးသူ (သို့) ကိုယ်အလေးစားရဆုံးသူ က အထင်လွဲခံရမှုလောက် နေမထိထိုင်မသာ အဖြစ်မျိုးရှိမည်မထင်ပေ….

“လူတို့မှာ တစ်ယောက်ကို တစ်ယောက် အထင်လွဲဖို့ရန် အကြောင်းတွေ မရေတွက်နိုင်အောင် များပြား၏။ အချို့သောသူတို့သည် တစ်စုံတစ်ယောက်ကို အထင်လွဲသည့်အခါ မိမိ၏ အထင်အတိုင်း မှန်သည်မမှန်သည်ကို သိအောင်မစောင့်ဘဲ ထင်ချက်နှင့် တစ်ဖက်သားအပေါ်မှာ ဆုံးဖြတ်ချက် ချတတ်လေသည်။ ဤနည်းဖြင့် မိတ်ဆွေပျက်ကြရုံမက ရန်သူဖြစ်ကြလေသည်။
          သိမ်မွေ့သာယာသော စကားတစ်လုံး အမူအရာလေးတစ်ခုသည် ၀န်လေးသော အလုပ်မဟုတ်ချေ။ သို့သော်လည်း ပျော့ပျောင်းသော ရွက်ထည်နှင့်တူ၏။ မာလျှင် ကြီးမားသော သင်္ဘောက ဆောင်နိုင်မည် အဟုတ်ချေ။” [ဆရာကြီး ပီမိုးနင်း]
          လူတစ်ဦးနှင့် တစ်ဦး ချစ်ကြ၊ ခင်ကြ၊ သိကျွမ်းကြပြီဆိုလျှင် အပြန်အလှန် နားလည်မှုရှိဖို့မှာ အရေးကြီးဆုံးဖြစ်သည်… ပွင့်လင်းကြဖို့လိုသည်…
          “ကိုယ့်ဖို့တစ်ဖက်ထဲသာကြည့်ရင်၊ အပြစ်ပဲမြင်တတ်တယ်။ နှစ်ဖက်မျှကြည့်ရင် အပြစ်ကင်းတယ်။” ဟု ဆရာတော်ကြီးတစ်ပါး၏ ဆုံးမစာမှ ဖတ်မှတ်ဖူးပါသည်…
          ဘယ်နေရာတွင်မဆို အကောင်းမြင်ဝါဒသည်သာ နှစ်ဦးနှစ်ဖက်၊ စိတ်ရောကိုယ်ပါ အေးချမ်းရာရလိမ့်မည်… စိတ်မကျေနပ်စရာကြုံလာလျှင်လဲ ချက်ချင်းဖွင့်ဟ၍ နားလည်မှု ယူသင့်သည်… မိတ်ဆွေသူငယ်ချင်း၊ ချစ်သူအချင်းချင်း နားလည်မှုဖြင့် ထာဝရ လက်တွဲနိုင်ကြပါစေ….

No comments:

Post a Comment