Sunday, December 2, 2012

*** ရိုးရိုးလေး ***



`ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ်အေးမြလို့´
`ရိုးရိုးလေးလှတာလေးကို ရင်ထဲမှာ တကယ်စွဲ´
`ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တောင်မမှီနိုင်ဘူးကွာ´
ခေတ်အဆက်ဆက် သီဆိုလာခဲ့ကြတဲ့ သီချင်းတွေမှာ ရိုးရိုးလေးတွေကို အမြတ်တနိုးတန်ဖိုးထားပြီး ရေးဖွဲ့သီဆိုလာတာတွေ့ရပါတယ်…ဆိုတဲ့သူရင်မှာရော၊ ကြားရတဲ့သူရင်မှာပါ အေးမြပါတယ်… ရိုးရိုးလေးဝတ်ထားတော့လဲ ဒီလိုပဲ ဆင်မြန်းသူရင်မှာရော၊ မြင်ရသူရင်မှာပါ အေးမြပါတယ်…
ခေတ်နဲ့အညီနေထိုင်သင့်တယ်..ဟုတ်ပါတယ်… ခေတ်မီတယ်ဆိုတာကောင်းပါတယ်.. 


ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်တော်တဲ့ ခေတ်လွန်တာမျိုးကြီးတွေတော့ မဖြစ်သင့်ဘူးပေါ့ဗျာ..ရင်ဖုံးအင်္ကျီ၊ ချိတ်လုံချည်၊ ဘီးဆံထုံးနဲ့နေရမယ်လို့ မဆိုလိုပါဘူး..
အားလုံးကိုတော့ ၀ါးလုံးသိမ်းရိုက်ပြီး ပြောတာမဟုတ်ပါဘူး… မြန်မာဆန်တဲ့ အိနြေ္ဒရှင်တွေလည်း အများကြီးရှိပါသေးတယ်…
လောက၌ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြည့်စုံမှုဟူ၍ သုံးမျိုးရှိရာ ဗုဒ္ဓ၀ါဒက ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြည့်စုံမှုကို တန်ဖိုးအမြင့်ဆုံး ထားပါသည်။ (မလေးငြိမ် - သစ္စာဉာဏ်၌ ဦးတိုက်ခြင်း)
မြန်မာမိန်းကလေးတွေအားလုံးကို ကျွန်တော့်သွေးရင်းသားရင်း ညီအစ်မ အရင်းတွေလို သဘောထားပြီး တကယ့်စေတနာနဲ့ပြောပါရစေ... ရိုးရိုးလေးဝတ်လို့  လူ့အန္ဓ အယောက် ၁၀၀ ကဲ့ရဲ့တာကို မကြည့်ပါနဲ့ လူယဉ်ကျေးတစ်ယောက်  ချီးမွမ်းတာကိုသာ ဂုဏ်ယူလိုက်ကြပါ…
မည်သူ့ကိုမှ ထိခိုက်နစ်နာစေလိုခြင်းမရှိပါကြောင်း ကောင်းသောနှလုံးသွင်းဖြင့် အမြင်ရှင်းနိုင်ကြပါစေ……

No comments:

Post a Comment