Sunday, November 18, 2012

Text လေးကို Effect ထည့်ကြည့်မယ်



  1. Photoshop CS3> File > New ခေါ်ပါ။ page size ကိုလိုသလိုထားပါ။ output က printing အတွက်ဆိုရင် resolution 300 ထားပါ။
  2. Foreground color အဖြစ် အဖြူရောင်နှင့် Background color အဖြစ် အနက်ရောင်ကိုရွေးပါ။
  3. Background ကိုအနက်ရောင်ဖြစ်ဖို့ Edit > Fill > Use: Background color ကိုရွေးပါ။
  4. Type tool > Type mask tool ကိုရွေးပါ။ Font Size ကြီးကြီးနဲ့ လိုရာ text ကိုရိုက်ထည့်ပါ။ Layer ပေါ်တွင် ကလစ်တချက်နှိပ်ပါ။ ရေးထားသော text လေး select ဖြစ်သွားမည်။
  5. Text ကို foreground color ဖြည့်ဖို့ Alt+Backspace နှိပ်ပါ။
  6. Select > Modify > Feather မှာ 2 pixels ပေးပါ။
  7. Filter > Blur > Radial Blur ထားပါ။ Settings တွေကို (100, Zoom, Best) ထားပါ။
  8. Select > Inverse ကိုရွေးပါ။
  9. အဆင့် ၇ ကိုနောက်တစ်ကြိမ်ထပ်လုပ်ပါ (သို့) Ctrl+ F ကိုနှိပ်ပါ။
  10. Ctrl+ D နှိပ်ပြီး select ဖြုတ်လိုက်ပါ။


 Font size, style နှင့် Foreground, Background color များကို မိမိနှစ်သက်သလို ထားနိုင်ပါသည်။ Text အစား ၀တ္ထုပစ္စည်းများကိုလည်း effect ထည့်ကြည့်လို့ရပါသည်။





No comments:

Post a Comment