Friday, January 11, 2013

@... အိမ်တွင်းမှုရေးရာ တိုတိုထွာထွာ ...@

မှိုပေါက်ဖွားမှုကို တားဆီးပေးမယ့် လေးညင်းဆီ

           သွားကိုက်ဝေဒနာကို သက်သာစေတဲ့လေးညင်းဆီဟာ အန္တရာယ်ရှိတဲ့ မှိုပေါက်ဖွားမှုကို တားဆီးပေးနိုင်ပါသေးတယ်။ ရေတစ်လီတာထဲကို လေးညင်းဆီ သုံးစက်ခန့်ထည့်ပြီး ပုပ်သိုးလွယ်တဲ့ အစားအစာတွေရှိတဲ့နေရာတွေကို သုတ်လိမ်းလိုက်ပါ။ မှိုပေါက်ဖွားမှု မရှိတော့တာကို တွေ့ရမှာပါ။

Marker Pen မင်တွေ စွန်းတဲ့အခါ

           Marker Pen မင်တွေ စွန်းထင်းခဲ့မယ်ဆိုရင် အလွယ်တကူ ပျက်သွားဖို့ Hair Spray ကိုသုံးပါ။ မင်စွန်းတဲ့နေရာကို Hair Spray နဲ့ဖျန်းလိုက်ပါ။ ပြီးရင် အ၀တ်နဲ့ သုတ်ပစ်လိုက်ပါ။ အလွယ်တကူပျက်သွားတာကို တွေ့နိုင်ပါတယ်။

အံဆွဲတွေ အဖွင့်အပိတ်လုပ်ရ လွယ်ကူစေဖို့ 

         အံဆွဲတွေ ကျပ်ညပ်နေပြီး အဖွင့်အပိတ်လုပ်ဖို့ ခက်ခဲနေတယ်ဆိုရင် ဆပ်ပြာခဲ့ကို အသုံးပြုလိုက်ပါ။ အံဆွဲဘောင်ပေါ်ကို ဆပ်ပြာခဲနဲ့ ပွတ်တိုက်ထားပါ။ ဒါဆိုရင် အံဆွဲတွေ ကျပ်ညပ်နေတာမျိုး မရှိတော့ဘဲ အဖွင့်အပိတ်လွယ်ကူတာ တွေ့ရပါလိမ့်မယ်။


Sunday ဂျာနယ်မှ.....


No comments:

Post a Comment