Monday, January 14, 2013

@... ကီဝီသီးနှင့် ရှောက်သီး ...@

ကီဝီသီးနှင့်ရှောက်သီးကို ပုံမှန်စားသုံးလျှင် အသားအရေကိုပိုမိုကြည်လင်လာစေနိုင်ကြောင်း ဗြိတိသျှ အာဟာရသုတေသီ လီဆာဒရေယာက ဒေလီမေးလ်သတင်းစာသို့ ပြောကြားခဲ့သည်။


ရှောက်သီးသည် အသည်းနှင့်ကျောက်ကပ်များကို သန့်စင်ပေးသဖြင့် စားသုံးသူ၏ ကိုယ်တွင်းစနစ်ကို သန့်ရှင်းစေသည်။ ကီဝီသီးသည်လည်း အလားတူပင် အာနိသင်ရှိရာ ယင်းအသီးတစ်မျိုးစီကို တစ်လှည့်စီဖြစ်စေ၊ နှစ်မျိုးလုံးကို ရောနှော၍ဖြစ်စေ စားသုံးပါက ကိုယ်တွင်းစနစ် မောင်းနှင်မှုအားကောင်းလာစေကြောင်း လီဆာဒရေယာက ရှင်းပြသည်။
ကိုယ်တွင်းစနစ်ကောင်းမွန်ခြင်း၏ အကျိုးဆက်အဖြစ် အသားအရေကို ပိုမိုကြည်လင်လာစေခြင်းဖြစ်ကြောင်း  သိရသည်။

No comments:

Post a Comment