Saturday, January 12, 2013

*** ငြိမ်းချမ်းစာစဉ် ၂ (သံဝေဂလင်္ကာ) ***



  1. လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်၊ ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာအနတ္တ ရှိမည်နည်း။
  2. ပြောတိုင်းမရ ဒေါမထနှင့်၊ ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာအနတ္တ ရှိမည်နည်း။
  3. ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်၊ ကြံစည်တိုင်းသာ ပြီးမြောက်ပါက ဘယ်မှာအနတ္တ ရှိမည်နည်း။
  4. ဆင်းရဲကြုံမူ မညည်းညူနှင့်၊ ချမ်းသာချည်းသာ ကြုံနေပါက ဘယ်မှာဒုက္ခ ရှိမည်နည်း။
  5. ပျက်စီးတိုင်းလျှင် မပူပင်နှင့်၊ မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
  6. အာရုံဟူသမျှ မတောင့်တနှင့်၊ အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာလောဘ ဆုံးမည်နည်း။
  7. အရာရာမျိုး စိတ်မဆိုးနှင့်၊ နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာဒေါသ ဆုံးမည်နည်း။
  8. သိဉာဏ်မလိုက် သင်မမိုက်နှင့်၊ သိဉာဏ်မရ မိုက်ပါကလည်း ဘယ်မှာမောဟ ဆုံးမည်နည်း။
  9. ဗုဒ္ဓတရား မေ့မထားနှင့်၊ ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာနိဗ္ဗာန် ဝေးမည်နည်း။

No comments:

Post a Comment