Friday, January 11, 2013

^..... မျက်နှာ .....^

`ရိုးသားမှုဟာ အကောင်းဆုံးမူဝါဒဖြစ်တယ်´ ဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက ကြားခဲ့တယ်။ ကြားကတည်းက သဘောကျခဲ့တယ်။ ရိုးသားမှုဆိုတဲ့လမ်းစဉ်ကို မကျင့်သုံးကြလို့ လူတွေရဲ့ဘ၀မှာ ပြဿနာတွေ ရှုပ်နေတာ။ ရိုးသားတဲ့သူရဲ့ဘ၀ဟာ ရှင်းပါတယ်။[ဆရာတော် ဦးဇောတိက]
လောဘတွေ ပြည့်သိပ်နေတဲ့မျက်နှာ၊ ဒေါသတွေကိန်းဝပ်နေတဲ့ မျက်နှာ….. ဒီဒီမျက်နှာတွေကို တွေ့ရ မြင်ရတာ ဘယ်လောက်ပူလောင်လဲဒီမျက်နှာပိုင်ရှင်တွေရဲ့ စိတ်ထဲမှာလဲ အေးချမ်းမှုတွေပျောက်ဆုံးနေမှာ မလွဲပါဘူး
 
လူတွေဟာ ကိုယ်တကယ်ပိုင်ဆိုင်နေတာကို မလိုချင်ကြဘဲ တကယ်ပိုင်ဆိုင်လို့မရနိုင်တဲ့ စည်းစိမ်တွေနောက်ကို ကောက်ကောက်ပါအောင်လိုက်နေကြတယ်ရိုးသားမှုတွေပျောက်ဆုံးပြီး တစ်ဦးအပေါ်တစ်ဦး အညှာအတာတွေကင်းမဲ့ မေတ္တာဓာတ်တွေခန်းခြောက်နေကြရတယ်

ရိုးသားတဲ့သူရဲ့မျက်နှာဒီမျက်နှာပိုင်ရှင်ကိုတွေ့ရရင် စိတ်ထဲမှာ ဘယ်လောက်အေးချမ်းလဲသူ့ဝန်းကျင်ကလဲ သူ့အပေါ်မှာ ယုံကြည်တယ် လေးစားတယ်

ရာနှုန်းပြည့်ရိုးသားမှုနဲ့ကိုယ့်ဘ၀ကို အဆင်ပြေအောင် နေလို့ရတယ်ဆိုတာကို ယုံကြည်တဲ့သူ နဲတယ်။ မုသားမပါ လင်္ကာမချော ဆိုတာကို လက်ခံတဲ့သူ ကျင့်သုံးတဲ့သူ များတယ်။ ဘာဖြစ်လို့လဲ။ ကြောက်လို့။ ဘာကိုကြောက်တာလဲ။ မရမှာကြောက်တာ။ဘာကို မရမှာ ကြောက်တာလဲ။ ခင်မင်မှုကို မရမှာကြောက်တယ်။ ငွေများများ မရမှာကြောက်တယ်။ မတိုးတက်မှာ ကြောက်တယ်။ လူအများရဲ့ ထိုက်ထိုက်တန်တန် ယုံကြည်မှုကို မရမှာ မကြောက်ဘူးလား။ မရိုးသားတဲ့လူ၊ မယုံကြည်ရတဲ့သူလို့ အထင်ခံရတာ မကြောက်ဘူးလား။[ဦးဇောတိက]

လူအများ လေးစားယုံကြည်ထိုက်တဲ့ ရိုးသားတဲ့မျက်နှာပိုင်ရှင်တွေဖြစ်ကြပါစေ….

No comments:

Post a Comment