Wednesday, January 16, 2013

သရဖူဆောင်းတဲ့လူသားတွေ



လူသားတွေမှာ ကုသလို့မရနိုင်တဲ့ ရောဂါတွေ ဘာလို့ဖြစ်ကြသလဲ စဉ်းစားဖူးပါသလား? တကယ်တော့ ကံ ကံ၏အကျိုးတရားရဲ့ ပဲ့တင်မြည်ဟီးသံတွေပါပဲ

သီလအစွမ်း အံ့မခန်း စာအုပ်ထဲမှာ ဆရာတော်က မျောက်ကလေးများအဖြစ်၊ မီးပူသံပြားပေါ်ကဘဲကလေး၊ သုံ့ပန်းစစ်သားများ အသတ်ခံရပုံတို့ကို ရေးသား ဖော်ပြထားပါတယ်ရက်စက်လွန်းလို့ကျွန်တော်ဆက်ပြီးမဖတ်ရဲတော့လောက်အောင်ပါပဲ…..

သီလတွေပျက်ပြီး ကရုဏာတွေကင်းလိုက်ကြသည်မှာလည်း ဆိုဘွယ်ရာမရှိ။ နိုင်ငံခြားဟိုတယ်များတွင် မြွေ၊ ငါး၊ လိပ်၊ မျောက်စသော သတ္တ၀ါများကို အရှင်ပြထားသည်။ စားချင်ရာ လက်ညှိုးထိုးပြလိုက်သည်နှင့် ထိုသတ္တ၀ါကို ချက်ချင်းသတ်ကာ ချက်၊ ပြုတ်၊ ကြော်၊ လှော် ကျွေးကြသည်။ [မေတ္တာရှင် (ရွှေပြည်သာ)]

အခုအချိန်မှာ ဒါတွေဟာ တိုင်းတစ်ပါးမှာသာ မဟုတ်တော့ပါဘူးဒီလိုရက်စက်တဲ့အပြုအမူတွေက မြန်မာပြည်မှာလဲ တွေ့မြင်ကြားသိနေရပါပြီဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဒီလိုအဖြစ်မျိုးတွေ ရှိသင့်ပါရဲလားရောင်းရဲတဲ့သူကိုလဲ အံ့သြမိပါတယ်စားလို့မျိုကျတဲ့သူကိုလဲ အံ့သြမိပါရဲ့…. ဈေးထဲမှာလဲ ငါး၊ ဂဏန်း၊ ပုရစ် စသည် အရှင်တွေဝယ်တာ တွေ့ရပါတယ်ဒီအရှင်တွေကို ဘယ်လိုစိတ်ထားမျိုးနဲ့ ချက်ပြုတ်စားနိုင်သလဲဆိုတာ တွေးမိပါတယ်

သြော် သြော်လောက၌ အသိဉာဏ်ပညာ အကြီးမားဆုံးဆိုတဲ့ လူသားတွေက ကိုယ့်ရှေ့မှာတင် မချိမဆန့်သေသွားတဲ့ သတ္တ၀ါလေးတွေကို စတိုင်လ်ကျကျ ဇွန်းခက်ရင်းနဲ့ ပျော်တပြုံးပြုံး အရသာခံပြီး စားနိုင်ကြတယ်လား လို့သာ မေးလိုက်ချင်ပါတယ်.... ဒါကိုပဲ အဆင့်အတန်းရှိတယ် အထက်တန်းကျတယ်လို့ ထင်နေကြတာလားမသိပါအမှန်စင်စစ်တော့ ခေါင်းပေါ်မှာ အရက်စက်ဆုံး၊ အယုတ်မာဆုံးသရဖူ ဆောင်းထားတဲ့ လူသားတွေပါ

ထိုမျှအထိ ရက်စက်ကြသော လူသားများကို တိရစ္ဆာန်များက အပြစ်မပေးနိုင်ကြ။ ဒဏ်မခတ်နိုင်ကြ။ ထိုအခါ သဘာဝနိယာမတရားကြီးက လူသားတို့ကို တိရစ္ဆာန်တို့ ကိုယ်စားအပြစ်ပေးဒဏ်ခတ်တော့သည်။ ကင်ဆာ၊ အေအိုင်ဒီအက်စ်၊ ကိုးမားစသော ကုသ၍မရနိုင်သည့် ရောဂါမျိုးစုံတို့ဖြင့် ဒုက္ခပြန်ပေးသည်။

လူတို့အနေဖြင့် ပုဆိုးကျွတ်ခြင်းကိုသာ လောကတွင် ရှက်ဖွယ်အဖြစ် မှတ်ယူတတ်ကြပြီး ငါးပါးသီလ မမြဲခြင်းကိုမူ လောကတွင် ရှက်ဖွယ်အဖြစ် မမှတ်ယူတတ်ခြင်းက ပို၍မိုက်မဲရာကျ၏။ [ဆရာကြီး ဦးရွှေအောင်]

ပါဏာတိပါတ သူ့အသက်ကိုသတ်ခြင်း (ပါဏ=အသက်ကို၊ အတိပါတ= လျှင်မြန်စွာချခြင်း) မှ ရှောင်နိုင်ပြီး အသက်ရှည်၍ အနာမဲ့သော လူသားများဖြစ်ကြပါစေ…..

No comments:

Post a Comment