Saturday, January 12, 2013

@... သလဲသီး ...@

          ဆေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သလဲသီးအား စားသုံးခြင်းဖြင့် အမျိုးသမီးများတွင်ရင်သားကင်ဆာဖြစ်ပွားနှုန်းကိုလျှော့ချနိုင်သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။       
          အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သုတေသီများ၏လေ့လာမှုအရ သလဲသီးတွင်ပါဝင်သော ဓာတ်ပစ္စည်းများသည် ကင်ဆာဆဲလ်များကို တားမြစ်နိုင်ရုံသာမက အသစ်ဖြစ်ပေါ်လာနိုင်သော ဆဲလ်များကိုလည်း ကာကွယ်ပေးနိုင်သည်ဟု သိရသည်။
         သုတေသီများက သလဲသီးတွင်ပါဝင်သော ဓာတ်ပေါင်းသစ်များအား တွေ့ရှိထားပြီး ထိုဓာတ်ပေါင်းသစ်များကို ကင်ဆာရောဂါတိုက်ဖျက်သည့်ဆေးဝါးအဖြစ် သုံးစွဲသွားရန် ထပ်မံထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment